CSA Handbook for Academic Level (Myanmar)
Version
Download 794
File Size 11.2 MB
File Count 1
Create Date October 22, 2019
Last Updated February 10, 2020
Download
or download free
[free_download_btn]

Description

Year of publication 2019
Publisher FAO
Place of publication Nay Pyi Taw, Myanmar
Other Entities Involved AVSI Foundation
Pages 231
Author FAO (SLM-GEF Project) and AVSI Foundation
Language Myanmar
Other Language English Version
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့သည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကာ “မြန်မာနိုင်ငံ၏ မတူကွဲပြားသည့်စိုက်ပျိုးရေးဂေဟစနစ်များရှိဦးစားပေးဒေသများတွင်ရေရှည်တည်တံ့သော စိုက်ပျိုးမြေနှင့် သစ်တောများစီမံခန့်ခွဲမှုစီမံကိန်းကို (Global Environmental Facility) ရန်ပုံငွေ အထောက်အပံ့ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းသည်စိုက်ပျိုးရေးဦးစီးဌာန(DoA)၊စိုက်ပျိုးရေးသုတေသနဦးစီးဌာန(DAR) ၊ စိုက်ပျိုးရေးသိပ္ပံ များ (SAI)၊ နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (YAU) တို့တွင် သင်ကြားပို့ချလျက်ရှိသောသင်တန်း များတွင် CSA/SLM (Climate Smart Agriculture/Sustainable Land Management) ကိုထည့်သွင်း၍ပို့ချနိုင်ရန်အတွက် CSA/SLM သင်တန်းအစီအစဉ်တစ်ခုရေးဆွဲရန်ရည်ရွယ်ပါသည်။ စိမံကိန်းသည် DoA, DAR, SAI, YAU တို့နှင့်ပူးပေါင်းဆောင်ရွက်ကာ ၎င်းတို့ဆောင်ရွက် လျက်ရှိသောသုတေသနလုပ်ငန်းများ၊ သင်တန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင်CSA ကို ပေါင်းစပ်ထည့်သွင်းသွားမည်ဖြစ်သည်။ သင်တန်းအစီအစဉ်သည် သက်ဆိုင်ရာအဖွဲ့အစည်း၏ သဘော သဘာဝနှင့် လိုအပ်ချက်အလိုက် ကွဲပြားခြားနားမည်ဖြစ်ပြီး လက်ရှိသုံးစွဲလျက်ရှိသော သင်ရိုးများထဲသို့ CSA ‌အကြောင်းအရာများပေါင်းစည်းလျက် မွမ်းမံ/ပြုပြင်ရန် ကြိုးစားအားထုတ်ထားသည်။ ဥပမာ အားဖြင့် (၁) YAU တွင် ပို့ချလျက်ရှိသော ဘွဲ့ကြို၊ဘွဲ့လွန် သင်တန်းများတွင် CSAအစိတ်အပိုင်းကို ပေါင်းစပ် သင်ကြားခြင်း၊ (၂) စိုက်ပျိုးရေး သိပ္ပံ များတွင် ပို့ချလျက်ရှိသော ဒီပလိုမာ သင်တန်းများတွင် CSA အစိတ်အပိုင်းကိုပေါင်းစပ်သင်ကြားခြင်း၊ (၃)ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေး ဌာန(CARTC)မှ တစ်လကြာပို့ချသည့်သင်တန်း(သို့)မွမ်းမံသင်တန်း များတွင်အခြားဘာသာရပ်များနှင့် ပူးတွဲလျက်သင်ကြားခြင်းနှင့် (၄)DoA၊DARနှင့်YAUတို့မှ အကြီးတန်း ပညာပေးဝန်ထမ်းများအတွက် တစ်ပတ်ကြာ ဆရာဖြစ်သင်တန်းများတွင် ထည့်သွင်း သင်ကြားရန် အတွက် ရည်ရွယ်ပါ သည်။ဤCSAလက်စွဲစာအုပ်သည် သုတေသီများ၊ ပညာပေးဝန်ထမ်းများ၊ ဆရာများနှင့်တောင်သူ လယ်သမားများအား ရာသီဥတုပြောင်း လဲမှုကြောင့်မြန်မာနိုင်ငံတွင်ကြုံတွေ့ရသော အခက်အခဲပြဿ နာများ ကိုပိုမိုနားလည် သဘောပေါက် လာနိုင်စေပြီး ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာနိုင်စေရန် အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။

[changelog]

Categories & Tags

Similar Downloads

No related download found!
Soe Moe Naing